အမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ်က ပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နှင်းဆီဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

မိုင်းပျဉ်းမြို့ အ.ထ.က ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သပြေဝန်းကျေးရွာတွင်  စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာအုပ်စု သပြေဝန်းကျေးရွာတွင် နေထိုင်ကြသော ပြည်သူများသည် ယာမြေအများစု ပိုင်ဆိုင်ကြပြီး ရာသီအလိုက် ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငှက်ပျောနှင့် ယာသီးနှံများ စိုက်ပျိုးကြရာ တောင်သူ ဦးညွှန့်ဝင်း ကွင်းအမှတ် (၁၂၇-ဂ)တွင် စိုက်ပျိုးထားသော မိုးနှောင်းဝါမျိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ကာ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကရသူရိမြို့၌ ရာဘာစျေးကျဆင်းလာ၍ ခြံပိုင်ရှင်နှင့် ရာဘာအစေးခြစ်လုပ်သားများ အခက်တွေ့

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံအများဆုံး စိုက်ပျိုးလုပ်ကိုင်ကြသည့် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းရာဘာဈေးမှာ ယခုကာလအတွင်း ဈေးကျဆင်းလာသည့်အတွက် ခြံပိုင်ရှင်များနှင့် ရာဘာအစေးခြစ်လုပ်သားများ အခက်တွေ့လျက်ရှိသည်။

မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က မိုင်းစံမြို့ ဝမ်လီကျောင်း၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန် ရည်ရွယ်၍ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ရှိ Jiangsu Soho Garment Co.,Ltd (HSO) တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းများ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ​မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာန၊  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ ကမ်းကြီးကျေးရွာအုပ်စုအတွင်းရှိ အ.လ.က (ခွဲ) ပြင်ထပ်အော်ကျောင်းနှင့် အ.လ.က(ခွဲ) သင်္ဃန်းအော်ကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ်ဆဋ္ဌအစည်းအဝေးကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ပဉ္စမအကြိမ် ဆဋ္ဌအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာမဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မင်းလှမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to