တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး​မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ဒုတိယနေ့အဖြစ်  ယမန်နေ့နံနက် (၇)နာရီအချိန်မှ ညနေ (၆)နာရီအချိန်ထိ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအသီးသီး၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌလိုက်လံကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ယနေ့နံနက်ပိုင်းအချိန်က လိုက်လံကြည့်ရှုအားပေးခဲ့​ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရေတိုက်စားပျက်စီးသွားသော ကျေးရွာချင်းဆက်တံတားများ ပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး ချောင်းရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာချင်းဆက်တံတားများအား ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့  စတင်ကွင်းဆင်းကောက်ယူသည်။

အုတ်တွင်းမြို့နယ် အထက(တပ်နယ်)ကျောင်းတွင်လူငယ်စကားဝိုင်းကျင်းပ

အုတ်တွင်းမြို့နယ် အထက(တပ်နယ်)ကျောင်းတွင်လူငယ်စကားဝိုင်းကျင်းပ အုတ်တွင်း နိုဝင်ဘာ ၃ စည်သူထက်

တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်း ကို ကောက်ယူလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် အသက်အကြီးဆုံး အဘွားနှင့် မြန်အောင်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအား ‌အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထန်းတပင်မြို့နယ်၌ စာရင်းစစ်၊ စာရင်းကောက် (၁၅၉) ဦးတို့ဖြင့် ကောက်ကွက်(၃၉၄) ကွက်တို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီကြပ်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက် (၁၅၉) ဦးတို့က သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက် (၃၉၄)ကွက်တို့တွင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းစတင်ကောက်ယူခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစတင်ကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်များက ကွင်းဆင်းကောက်ယူခဲ့သည်။
Subscribe to