မိုင်းရယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူ

မိုင်းရယ် အောက်တိုဘာ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူခြင်းကို အောက်တိုဘာလ (၁) ရက်နေ့နံနက် ၈ နာရီအချိန်မှစ၍ အမှတ် (၁) ရပ်ကွက် ကောက်ကွက် (၁) တွင် ဆောင်ရွက်သည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ အမှတ် (၁) ရပ်ကွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များ၊ စာရင်းစစ် (၂) ဦး၊ စာရင်းကောက် (၈) ဦးတို့ဖြင့် အိမ်ထောင်စု (ရိုးရိုး) လျှင် (၆၈) ချက်ဖြင့်လည်းကောင်း၊ အဖွဲ့အစည်း အိမ်ထောင်စုဖြစ်ပါက (၁၈) ချက်ဖြင့်လည်းကောင်း တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ကြသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေကို မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)