အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မင်းကြီးလမ်း၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ဆောင်ရွက်သည်။

ဟိုပင်မြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အနီးရှိ ရေပူစမ်းအပန်းဖြေစခန်းတွင် ယခုနှစ်ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

မိုင်းရှူးတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်ဆန္ဒဖော်ထုတ်သည့် အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့လယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီမှ စတင်၍ ပြည်သူ့ ဆေးရုံကြီး၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာမြန်မာ့သိုင်း (၆၃)မောင်း သင်တန်းဖွင့်လှစ်

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဖျာပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တို့တွင် ဘာသာရပ်အလိုက် ထူးချွန်ဆုရသူများနှင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၊ စိမ်းလန်းစိုပြေသန့်ရှင်းသော ဆုရကျောင်းတို့အား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က(၃)ကျောင်း မြမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအကြောင်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယနေ့နံနက်(၉)နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်းသီးနှံ ဧကခြောက်သောင်းကျော် လျာထားစိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့် ၂၀၂၄ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့်နွေနှမ်းသီးနှံ ဧကခြောက်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့်မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပန်းတောင်းမြို့နယ်အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၈:၃၀) အချိန်က အ.မ.က(စစ်တဝင်း)ကျောင်းနှင့် အ.မ.က(ကသည်းကုန်း)ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ကန့်ဘလူမြို့ မြို့ဦးရွာမ ပရိယတ္တိစာသင်တိုက်၌ သံဃာ့ဒါနဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မြို့ဦးရွာမ ပရိယတ္တိစာသင်တိုက်၌ ပင့်သံဃာ ၂၅၀ ကျော်နှင့်သာသနာ့အနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၁၇ ရက်နံနက် ၉ နာရီခွဲကကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများက စုပေါင်းလောင်းလှူကြသည်။
Subscribe to