ဆင်ပေါင်ဝဲမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်းသိရသည်။

တာမွေမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၄-ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ နံနက် (၇)နာရီအချိန်မှစတင်ကာ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၀)တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု‌အားပေးခဲ့သည်။

သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်းဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉)နာရီက ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

မင်းတုန်းမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင်  ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ အမှတ် (၁၊ ၂ ၊၃) ရပ်ကွက်တို့တွင် စာရင်းကောက်အဖွဲ့ (၂) ဖွဲ့ဖြင့် ကောက်ယူရာ အိမ်ထောင်စု (၃၈၈) စု ကောက်ယူပြီးစီးကြောင်း သိရသည်။

သရက်မြို့၌ ပြရေ-ပုထိုးလမ်းပေါ်တွင် Box Culvert ပါသော ရေကျော်(၂၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သရက်မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်(၂၆၀)သန်းဖြင့်ဆောင်ရွက်သည့် ပြရေ-ပုထိုးလမ်းပေါ်တွင် Box Culvert ပါသော ရေကျော်(၂၆၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆု‌ချီးမြှင့်ပွဲ အခမ်း အနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

စကုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိရာ အဆိုပါစာရင်းကောက်ယူနေမှုများကို မင်းဘူးခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၂ နေ့၊ မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to