လယ်ဝေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ စတင်ကွင်းဆင်းကောက်ယူနေမှုများအားကွင်းဆင်းကြည့်ရှုအားပေး

လယ်ဝေး ​အောက်တိုဘာ ၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် မြို့နယ်သန်း​​ခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာများတွင် စတင်ကောက်ယူလျက်ရှိသည်။

ထိုသို့ကောက်ယူနေမှုများအား အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များက လယ်ဝေးမြို့နယ်အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ စည်တိုးအောင်၊ သပြေပင်၊ သစ်ကြိမ်းကျေးရွာများသို့သွားရောက်၍ ကြည့်ရှုအားပေးကာ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များအား ရေသန့်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲ့များအပါအဝင် ကောက်ကွက် ၆၇၁ ကွက်၊ စာရင်းစစ်စာရင်းကောက် ၂၈၉ ဦးတို့ဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဝေကြည်( ပြန်/ဆက်)