မိုင်းယု အောက်တိုဘာ ၃
ရှမ်းပြည်နယ်အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နံနက်ပိုင်းမှ စတင်၍ ယနေ့တတိယမြောက်နေ့ထိ မြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူနေလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းကောက်ယူနေမှုကို မိုင်းယုမြို့သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ခေါင်းဆောင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး ဦးဆောင်သည့် စာရင်းစစ်နှင့် စာရင်းကောက်ယူရေးအဖွဲ့ဝင်များက မြို့ပေါ်နှင့်ရပ်ကွက်/ကျေးရွာများရှိ ကောက်ကွက်(၁၁)ကွက်၌ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) ဖြင့် (Mobile Tablet)များကို အသုံးပြုကာ အိမ်ထောင်စုမေးခွန်းပုံစံ(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ(၁၈)ခုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်