ကျောက်တန်းမြို့နယ် ၂၀၂၄ ခုနှစ် (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားကျင်းပ

ကျောက်တန်း အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပါဒကြီးစံပြကျေးရွာရှိ ကျောက်တန်းဘိုးဘွားရိပ်သာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ၂၀၂၄ ခုနှစ်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားနှင့် နိဗ္ဗာန်ဈေးပွဲတော်ကြီးကို အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ(၁)နာရီက ကျောက်တန်းမြို့‌၊ ပါဒကြီးစံပြကျေးရွာ ကျောက်တန်းဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က အဖွင့်မှာစကားပြောကြားခဲ့ပြီးနောက် ကျောက်တန်းဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေက ဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ သက်ကြီးပူဇော်ခံဘိုးဘွားများ၊ အလှူရှင်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နေလင်းကျော် (ပြန်ဆက်)