ဆေးရွက်ကြီးအစားထိုး ရိက္ခာသီးနှံစိုက်ပျိုးခေါင်းစဥ်ဖြင့် ဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှား စေရန်အတွက်ရည်ရွယ်ကာ ဆေးရွက်ကြီးအစားထိုးရိက္ခာသီးနှံစိုက်ပျိုး ခေါင်းစဥ်ဖြင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ကမာခရိုင်၊ ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း ပညာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။