ကြံခင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများအထိမ်းအမှတ်နေ့အဖြစ် ကုန်းမြင့်သာယာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်ဆယ်သိန်းခြောက်သောင်းအား တာဝန်ရှိသူများက သွားရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာဘိုးဘွားရိပ်သာ၌ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ကျပ်ဆယ်သိန်း​ခြောက်သောင်းတိတိကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယနေ့ ဆက်လက်ကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (ဒုတိယ)နေ့ စာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက် ၇ နာရီမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်တွင်စာရင်းကောက်အဖွဲ့များမှ Mobile Tablet များအသုံးပြု၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူ စိုက်ပျိုးနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများသီးနှံများ စိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ စိုက်ပျိုးနည်းစနစ်တို့ကိုအခြေခံ၍ ဒေသတွင်း သီးနှံမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ဥယျာဉ်ဇင်ကျေးရွာအုပ်စု၊ သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်း စတင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းကစတင်ကာ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ရပ်ကွက်နှင့် ကမ်းနားအလယ်ရပ်ကွက်တို့တွင် စတင်စာရင်းကောက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပြည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းကစ၍ အိမ်တိုင်ရာရောက်ကွင်းဆင်း‌ ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့၌ ကျင်းပပြုလုပ်သည့် ၆၀ နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် တက်ရောက်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် ၆၀ နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ ရဲဇာနည်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကိုယ်စား ပြည်နယ်တရားသူကြီး ဦးမြင့်ဟန်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

တောင်ကြီးမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် လိုက်လံကြည့်ရှုအားပေး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက် များကိုရရှိရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူနေမှုများကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။

တောင်ကြီးမြို့၌ နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ

နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးခရစ်ကက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တောင်ကြီးမြို့တွင်ကျင်းပ

၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက်ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို စက်တင်ဘာ(၃၀)ရက် ညနေ့(၄)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
Subscribe to