မိုင်းရှူး အောက်တိုဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ စတင်ကွင်းဆင်းကောက်ယူသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းစစ် (၁)ဦးနှင့် စာရင်းကောက်(၄)ဦးတစ်ဖွဲ့၊ အဖွဲ့(၃)ဖွဲ့တို့က မိုင်းစံမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၃)တို့ကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်သည်။
အဆိုပါ ကွင်းဆင်းကောက်ယူမှုကို မိုင်းစံမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများက လိုက်လံကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)