ထန်းတပင်မြို့နယ်၌ စာရင်းစစ်၊ စာရင်းကောက် (၁၅၉) ဦးတို့ဖြင့် ကောက်ကွက်(၃၉၄) ကွက်တို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ  ၃

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်နေ့မှ စတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီကြပ်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက် (၁၅၉) ဦးတို့က သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက် (၃၉၄)ကွက်တို့တွင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ထန်းတပင်မြို့နယ်အတွင်း စာရင်းစစ် (၃၃)ဦးနှင့် စာရင်းကောက် (၁၂၆)ဦး စုစုပေါင်း (၁၅၉)ဦးတို့ဖြင့် စာရင်းကောက်အဖွဲ့ပေါင်း(၃၀)တို့က ကောက်ကွက်ပေါင်း (၃၉၄) ကွက်တို့တွင် CAPI စနစ်ထည့်သွင်းထားသည့် Mobile Tablet  များဖြင့် ကောက်ယူလျက်ရှိပြီးအောက်တိုဘာ လ(၁)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း သက်ဆိုင်ရာသန်းခေါင်စာရင်း ကောက်ကွက်များအလိုက် တာဝန်ရှိသူများက ကောက်ယူနေမှုအခြေအနေများကိုလည်း အောက်တိုဘာလ(၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)