နတ်မောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ကွက်အလိုက် ကောက်ယူဆောင်ရွက်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင် စာရင်းကောက်ယူရေးအတွက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များနဲ့အတူ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ကောက်ကွက်အလိုက် ကောက်ယူဆောင်ရွက်လျက်ရှိသည်။