မိုင်းကိုင်မြို့နယ်၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

မိုင်းကိုင် အောက်တိုဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နှစ်(၆၀)ပြည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်များနှင့်၎င်းတို့၏ မိသားစု ၂၇ စုတို့အတွက် ဆန်၊ ဆီ၊ ကြက်ဥ စုစုပေါင်းတန်ဖိုး  ၁,၂၁၅,၀၀၀/- ကျပ်ကို သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းနှင့်တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်းအင်အား ၃၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)