တောင်တွင်းကြီး အောက်တိုဘာ ၃
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံပြီး ချောင်းရေတိုက်စားမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာချင်းဆက်တံတားများအား ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)ဦးနေအောင်ဆန်းက တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ရေကြီးရေလျှံပြီး ချောင်းရေတိုက်စားမှုများကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သော ပွင့်လှလေး-ပွင့်လှကြီးလမ်းပေါ်ရှိ အရှည်ပေ (၄၀) အုတ်ခုံပျဥ်ခင်းတံတား ကမ်းကပ်ခုံနိမ့်ကျ တိမ်းစောင်းမှုအား ယာယီပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ တောင်တွင်းကြီး-မကွေးကားလမ်းမှ ကွမ်းခြံစုလမ်းပေါ်ရှိ (၁၈ပေ×၃ပေ×၃ပေ)အုတ်ခုံခံ သံကူကွန်ကရစ်တံတား ပြိုကျပျက်စီးမှုနှင့် ယာယီလူကူးတံတား ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်ကောင်း၊ တောင်တွင်းကြီး-မကွေးကားလမ်းမှ ရန်ပယ်ခွ-ညောင်ကုန်းလမ်းပေါ်ရှိ (၁၈ပေ×၅ပေ×၅ပေ) တံတားပျက်ဆီးပျက်စီးမှုအားလည်းကောင်း သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးနေအောင်ဆန်းက လတ်တလော လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်မှုမရှိစေရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အမြန်ဆုံးဆောင်ရွက်ပေးသွားရန်နှင့် ရေရှည်ကောင်းမွန်ရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများအား တင်ပြသွားရန်ဆွေးနွေးမှာကြားခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဒေါ်ခိုင်ခိုင်ထွေးထံမှ သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)