ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် ကြပ်မတ်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က ဈေးတာဝန်ခံနှင့်ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး  မြို့မစည်ပင်သာယာဈေးကြီး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက်  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ဆက်လက်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံသို့ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝမ်းတွင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်းသည့် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝမ်းတွင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်းသည့်အခမ်းအနားကို ယမန့်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ပြီး မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက စနစ်တကျ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ယနေ့နံနက်ပိုင်းက ကွမ်တာ၊ ကော့ခပုံ(ရွာဟောင်း) ကျေးရွာများရှိ တောင်သူများနှင့် တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးသည်။

ဝါးခယ်မမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုအား အောက်တိုဘာလ ၁ ရက်နေ့မှစတင်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူမှုများအား မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များက စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူမှုအား ခရိုင်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ယမန်နေ့က ညောင်လေးပင်ခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောက်တံခါးမြို့နယ်အတွင်းရှိ   ရပ်ကွက်/ ကျေးရွာများတွင်  ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်း‌ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူမှုအား ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် သန်းခေါင် စာရင်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ကဝမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆက်လက်ကောက်ယူ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ သန်းခေါင်စာရင်းကောက်ကွက်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကောက်ယူခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဆက်လက်၍ ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိသည်။
Subscribe to