တောင်ငူ အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို ကောက်ယူလျက်ရှိသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် အချက်အလက်များတိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဒေါ်ခင်သန်းဝင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးဘရွှေတို့၏ ကြီးကြပ်အားပေးမှုဖြင့် တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇ ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၇) အုပ်စုအား စာရင်းစစ်(၄၆)ဦး၊ စာရင်းကောက်(၁၇၀)ဦးတို့က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စတင်ကောက်ယူလျက်ရှိကြောင်းနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ရပ်/ကျေးအဆင့်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ကူညီအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)