ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌလိုက်လံကြည့်ရှုအားပေး

ဒဂုံအရှေ့ အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ယနေ့နံနက်ပိုင်းအချိန်က လိုက်လံကြည့်ရှုအားပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ကောက်ယူရာ၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၄၂)ရပ်ကွက်၊ ကျေးရွာ(၃)ရွာ၌ စာရင်းစစ်(၃၃)ဦး၊ စာရင်းကောက်(၁၂၆)ဦး စုစုပေါင်း(၁၅၉)ဦး၊ အရန်(၉)ဦးဖြင့် ကောက်ကွက်(၃၈၆)ကွက်ဖြင့် တစ်အိမ်တက်ဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)