မိုင်းယောင်းမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်းမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် မိုင်းယောင်း ဇန်နဝါရီ ၁၈ ဝေဝေခိုင်(ပြန်ဆက်)

လူငယ်များဗလငါးတန်နှင့်ပြည့်စုံရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်  ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အနာဂတ်မျိုးဆက်သစ်များ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည်စုံစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဘားအံခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားရောက်လေ့လာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများလေ့လာရေးအဖွဲ့သည် ယမန့်နေ့ နေလယ် (၂) နာရီက သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် အခြေခံပညာ (အ.ထ.က) သရက်ချောင်းကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် အခြေခံပညာ (အ.ထ.က) သရက်ချောင်းကျောင်း၏ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းအပ်နှံပွဲ သို့တက်ရောက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဆောင်ရွက်သည့် နှစ်ပတ်လည်မဂ္ဂဇင်းအောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်သည့်အတွက် နှစ်ပတ်လည်မဂ္ဂဇင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘားအံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၌  မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြည်နယ်မိုးလုံလေလုံ အားကစားခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်( ၈)နာရီ (ဂ)ရပ်ကွက်နှင့် (ခ) ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးလာစေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးလာစေရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မလှိုင်မြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်တွင် မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဓမ္မိကာရာ မအပ္ပမာဒကုန်းတော်မြတ်ရှိ အပ္ပမာဒဇေတဝန်သန်းတစ်ရာ ဓမ္မဗိမာန်တော်၌ လည်းကောင်း၊ သမိုင်းဝင် ရွှေမုဌောစေတီ တော်မြတ်ကြီး၏အနောက်ဖက် အာရုဏ်ခံတန်ဆောင်း၌ လည်းကောင်း၊ ရွှေပေါ်ကျွန်း သာသနာ ပြုစခန်း ဓမ္မစင်္ကြာတိုက်တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to