ပြည် အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရွှေတံခါးရပ်ကွက်အပိုင်း(၁)နှင့်အပိုင်း(၂)တို့တွင် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းလိုက်လံကောက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သန်းခေါင်းစာရင်းကောက်ခံမှုအား အဆင်ပြေချောမွေစွာကောက်ခံနိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးအဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ခံမှုအား ပြည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၁၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅၅)အုပ်စုကျေးရွာပေါင်း (၂၅၉)ရွာအား အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုး(ပြည်)