မုံရွာ အောက်တိုဘာ ၃
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် အဖွဲ့ ၃၁ ဖွဲ့ကာ စုစုပေါင်း ၁၇၅ ဦးတို့သည် Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် မုံရွာမြို့ အလယ်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့တွင် ယနေ့နံနက် ၇ နာရီက တတိယနေ့အဖြစ် ဆက်လက်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
အဆိုပါ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းအောင်နှင့် မုံရွာခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်ပါကြီးကြပ်၍ အားပေးကြည့်ရှုကာ လိုအပ်သည်များအား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)