လှိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ဆက်လက်ကောက်ယူ

လှိုင် အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နံနက်ပိုင်းမှစတင်၍ ယနေ့တတိယမြောက်နေ့ထိ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက် ရှိသည်။

အဆိုပါ ကွင်းဆင်းကောက်ယူနေမှုကို လှိုင်မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ် ဦးဆောင်သည့် စာရင်းစစ်နှင့် စာရင်းကောက်ယူရေးအဖွဲ့ဝင်များက လှိုင်မြို့နယ်ရပ်ကွက်များရှိ ကောက်ကွက်များ၌ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) ဖြင့် (Mobile Tablet)များကို အသုံးပြုကာ အိမ်ထောင်စုမေးခွန်းပုံစံ(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်း ပုံစံ(၁၈)ခုဖြင့် တစ်အိမ်တက်ဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။       

မြို့နယ်(ပြန်/ဆက်)