ဆိပ်ဖြူမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ဆက်လက်ကောက်ယူ

ဆိပ်ဖြူ  အောက်တိုဘာ  ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ ဆိပ်ဖြူမြို့နယ်၌ အောက်တို ဘာလ (၁)ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ဖြစ်သည့် ရွာသစ်ရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်နှင့် ယောဝရပ်ကွက်တို့တွင် ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ကောက်ယူရာတွင် ဆိပ်ဖြူမြို့နယ်၌ စာရင်းကောက်ကွက်ပေါင်း(၂၄)ကွက်ရှိပြီး သန်း‌ခေါင်စာရင်း‌ကောက်ယူ‌ရေးအဖွဲ့ပေါင်း(၄)ဖွဲ့ဖြင့် အိမ်တိုင်ရာရောက် Tabletကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews CAPI)နည်းပညာဖြင့် အိမ်ထောင်စုမေးခွန်းပုံစံ(၆၈)ခုနှင့် အဖွဲ့အစည်းမေးခွန်းပုံစံ(၁၈)ခုအသုံးပြု၍ စာရင်းကောက်ယူလျက်ရှိသည်။ 

စာရင်းကောက်ယူမှု တတိယမြောက်နေ့ကောက်ယူနေမှုအား မြို့နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်းစာရင်းကော်မတီဝင်များနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးတို့ကစာရင်း စစ်စာရင်းကောက်များ၏ လုံခြုံရေးနှင့်ကျန်းမာရေးအတွက်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)