လသာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တတိယနေ့ ဆက်လက်ကောက်ယူ

လသာ အောက်တိုဘာ ၃

နိုင်ငံတိုင်းတွင် သန်းခေါင်စာရင်းသည် လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်ထောင်စုများ၏ ဝိသေသလက္ခဏာများကိုရရှိနိုင်သည့် အရေးကြီးသောရင်းမြစ်တစ်ခုဖြစ်သည်နှင့်အညီ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိကောက်ယူသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်၌ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်တို့တွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ကောက်ယူရာ၌  လသာမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်ရှိရာ ၎င်းရပ်ကွက်တွင် ကောက်ကွက်ပေါင်း (၅၂)ကွက်ရှိပြီး စာရင်းစစ်/စာရင်းကောက်ယူဦးရေ(၂၉)ဦးတို့က သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်တို့တွင် ဆက်လက်၍ အိမ်ထောင်စုများ၏လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများအား နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ နေအိမ်များအရောက်သွားရောက်၍ CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူခဲ့မည်ဖြစ်ပြီး ကျန်ရှိနေသည့်ရပ်ကွက်များနှင့် ကောက်ကွက်များကိုလည်း (အောက်တိုဘာလ၁၅)ရက်နေ့ထိ ဆက်လက်ကောက်ယူသွားမည် ဖြစ်ပါသည်။

အဆိုပါ ကောက်ယူနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီးတင်ထွန်း၊ အဖွဲ့ဝင်(၂)ဦးစံကျော်၊ အဖွဲ့ဝင်(၃) ဒုတိယညွှန်ကြားရေးမှူးဦးသန်းထွဋ်လွင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဆန်းထွန်းအောင်၊ အဖွဲ့ဝင်(၂) ဦးနန်းညွှန့်ဝင်းမော်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဥာဏ်ဝင်းနှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(လသာပြန်/ဆက်)