ခန္တီးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်း၏တစ်နှစ်တာ လုပ်ရှားမှုမှတ်တမ်း ပြခန်းများပြသခြင်း ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်း၏ တစ်နှစ်တာလှုပ်ရှားမှုပြခန်းများ ပြသခြင်းအခမ်းအနားကို အ.ထ.က(ခန္တီး)၊ ကျန်စစ်သား ခန်းမဆောင်၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မက်မန်းမြို့ အောင်သံလွင်ကျေးရွာတွင် လူငယ်ရေးရာဟောပြောပွဲကျင်းပ

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ မက်မန်းမြို့နယ်၊ အောင်သံလွင်ကျေးရွာခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် မြို့မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အစည်းအဝေး ကျင်းပ

ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမတွင် မြို့မဂ္ဂဇင်း ဖြစ်မြောက်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁၃း၃၀) အချိန်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ဇာဇာလှိုင်က မိတ်ဆက်အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းမှ စာရေးဆရာများနှင့် စာပေဝါသနာရှင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း (၁/၂၀၂၄) အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စာရေးဆရာအသင်း (၁/၂၀၂၄)အစည်းအ‌ဝေးပွဲကို လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေး

မိုင်းယောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေး မိုင်းယောင်း ဇန်နဝါရီ ၁၈ ဝေဝေခိုင်(ပြန်/ဆက်)

ကျောက်ဆည်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့်  စားအုန်းဆီများ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် နေထိုက်လျက်ရှိသော ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသုံးဆီ အခက်အခဲ မရှိစေရေး စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  ယနေ့ နံနက်ပိုင်းက စားအုန်းဆီတစ်ပိဿာငွေ (၅၃၉၁) ကျပ်ဖြင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်ဒေသကြီး၊ မော်လိုက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မိုင်းယောင်းမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်းမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် မိုင်းယောင်း ဇန်နဝါရီ ၁၈ ဝေဝေခိုင်(ပြန်ဆက်)
Subscribe to