နမ့်စန်(တ) အောက်တိုဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သော အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၃)ကျေးရွာရှိ ကုန်းလန်းအခြေခံပညာမူလတန်းလွန် ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်က ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် အသိပညာပေးပုံပြင်များကို ပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးအတွက် ဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်း၍ စာဖတ်ဝိုင်းဆောင်ရွက်ပေးခြင်း၊ ကျောင်းသူ/သားများနှင့် ဂိမ်းကစားခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)