ပုဂံမြို့ဟောင်း အနော်ရထာနှစ်လမ်းသွားပေါ် လဲကျနေသည့်ကုက္ကိုပင်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ၊ ပုဂံမြို့ဟောင်း၊ ရွာဟောင်းကြီးဘုရားအနီး အနော်ရထာနှစ်လမ်းသွား ကားလမ်းမကြီးပေါ်တွင် ယမန်နေ့ညနေ ၅ နာရီအချိန်က ကုက္ကိုပင်လဲကျလမ်းပိတ်ဆို့နေခြင်းအား ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။