ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၄) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၊အသင်းမှကြီးမှူးဖွင့်လှစ်သည့် ရွှေပညာဒါန (အခမဲ့) ရွှေပညာသင်တန်းအမှတ်စဥ် (၃၄) ကို ယမန်နေ့နံနက်ပိုင်းကရန်ကုန်မြို့ရွှေဘုံသာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံတွင်ဖွင့်လှစ်ခဲ့သည်။

ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် မြေစိုကျေးရွာတွင် စိုက်ပျိုးထားသောရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို) မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို) မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

လဟယ်မြို့တွင် သဘာ၀ဘေးကြိုတင်သတိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးကြိုတင်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသ လဟယ်မြို့နယ်အတွင်း ထူးခြားမိုးလေဝသအခြေအနေကြောင့် ယမန်နေ့ ညနေ ၃ နာရီအချိန်မှ ယနေ့ ညနေ ၃ နာရီအတွင်း မိုးသည်ထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့်အတွက် (၂-၁၀- ၂၀၂၄)ရက်နေ့ ၉ အချိန်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ အရေးပေါ်အစည်းအဝေးအား လဟယ်မြို့နယ် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ဝင်း ဦးဆောင်ကျင်းပ၍ တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းနှင့် ယာဉ်ယန္တရားများစုဖွဲ့ခြင်း၊ ကြိုတင်အသိပေး လှည့်လည်ကြေညာခြင်း၊ ကျေးရွာများအားလုံးသို့ ဆက်သွယ်ရေးစက်များဖြင့် ထပ်ခါထပ်ခါ အသိပေးဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ တောင်စောင်းများအနီးရှိ နေအိမ်များ ကြိုတင်ရွှေ့ပြောင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း‌သိရသည်။

တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးအဖွဲ့မှ ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် သိန်း ၃၀ ကျပ် လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ် ဂီတအစည်းအရုံးမှ နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပေါင်းတည်မြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုအားပေး

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်း အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းစစ်၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ကြသည်။

မင်းလှမြို့နယ် ရွာသစ်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့မွန်းလွဲ (၁)နာရီက ရွာသစ်ကျေးရွာဓမ္မာရုံတွင် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီအချိန်က ဘိုကလေးမြို့၊ အောက်ပိုင်းမူလွန်ကျောင်းသို့ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၃)ရက်မြောက်နေ့ ကွင်းဆင်းကောက်ယူ

မန္တလေးတိုင်းဒေသကြီး၊​ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များက အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ ​ရပ်ကွက်များသို့ ကွင်းဆင်း၍ စတင်​ကောက်ယူလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအတွင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
Subscribe to