ငါးသိုင်းချောင်းမြို့တွင် မြို့မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အစည်းအဝေး ကျင်းပ

ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမတွင် မြို့မဂ္ဂဇင်း ဖြစ်မြောက်ရေး အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁၃း၃၀) အချိန်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ဇာဇာလှိုင်က မိတ်ဆက်အဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသော မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ စာရေး ဆရာအသင်းမှ စာရေးဆရာများနှင့် စာပေဝါသနာရှင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမတွင် မြို့နယ်စာရေးဆရာအသင်း (၁/၂၀၂၄) အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ စာရေးဆရာအသင်း (၁/၂၀၂၄)အစည်းအ‌ဝေးပွဲကို လူထုအခြေပြု ဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေး

မိုင်းယောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေး မိုင်းယောင်း ဇန်နဝါရီ ၁၈ ဝေဝေခိုင်(ပြန်/ဆက်)

ကျောက်ဆည်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့်  စားအုန်းဆီများ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် နေထိုက်လျက်ရှိသော ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသုံးဆီ အခက်အခဲ မရှိစေရေး စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  ယနေ့ နံနက်ပိုင်းက စားအုန်းဆီတစ်ပိဿာငွေ (၅၃၉၁) ကျပ်ဖြင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်ဒေသကြီး၊ မော်လိုက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မိုင်းယောင်းမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်းမြို့၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် မိုင်းယောင်း ဇန်နဝါရီ ၁၈ ဝေဝေခိုင်(ပြန်ဆက်)

လူငယ်များဗလငါးတန်နှင့်ပြည့်စုံရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်  ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အနာဂတ်မျိုးဆက်သစ်များ၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့် ပြည်စုံစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဘားအံခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ရှေ့ဟောင်းသမိုင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ သွားရောက်လေ့လာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများလေ့လာရေးအဖွဲ့သည် ယမန့်နေ့ နေလယ် (၂) နာရီက သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to