ကျိုက်လတ် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုကို တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်းမာန်နှင့် ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကောက်ကွက်အသီးသီးတွင် စာရင်းစစ်၊ စာရင်းကောက် (၁၇၅)ဦးတို့မှ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့ထိ မြို့နယ်အတွင်းရှိ ကောက်ကွက် (၄၆၄) ကွက်အတွင်း စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ (၃၃)ဖွဲ့ခွဲ၍ Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
လှိုင်မင်းအောင်