မောက်မယ်မြို့နယ်၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မောက်မယ် အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ စစ်ဗျူဟာအဖွဲ့ (အခြေချ) လင်းခေးမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် ၁၃၂ ခြေလျင်တပ်ရင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ဗျူဟာအဖွဲ့(အခြေချ)လင်းခေးမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်တို့က တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်နီစသည့် ထောက်ပံ့ရိက္ခာများအား အသီးသီးပေးအပ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အမှတ် ၁၃၂ ခြေလျင်တပ်ရင်းမှ အရာရှိ/ အရာခံတပ်သားများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                  

စိုင်းမျိုးသန့်(မောက်မယ်)