မြောင်းမြမြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီတာဝန်ရှိသူများ ကြည့်ရှုအားပေး

မြောင်းမြ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများသည် မြောင်းမြမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် ကြည့်ရှုခဲ့ကြသည်။

မြောင်းမြမြို့၌ ၂၀၂၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား စာရင်းကောက်ယူမှုကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ ​ယနေ့နံနက်ပိုင်းတွင် မြို့​ပေါ် (၂) ရပ်ကွက်နှင့် သဇင်ကုန်း​လေးကျေးရွာများ၌ စာရင်းကောက်ယူရာသို့ မြောင်းမြခရိုင်၊ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များက လိုက်လံကြည်ရှု အားပေးကြသည်။

ထို​သို့ကွင်းဆင်းကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင်  Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ ကောက်ယူလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)