မော်လမြိုင်မြို့ သာသနာနွယ်ဆရာတော်နှင့်အလှူရှင်များက ကလောမြို့နှင့်အင်းတိန်ကျေးရွာရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်၌ ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ဇေတဝန်ကျောင်းတိုက်၊ သာသနာနွယ်ဆရာတော် ဦးဆောင်၍ အလှူရှင်များက ကလောမြို့နှင့်အင်းတိန်ကျေးရွာရှိ ရေဘေးသင့်ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေနှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။