ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ပျော်ဘွယ်လေးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းလွန်ကျာင်းရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။