ဂန့်ဂေါ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်တွင် စက်တင်ဘာ (၂၆)ရက်ကဖြစ်ပွားခဲ့သည့် မြစ်သာမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် ဦးပြားဖေ၏ အိမ်ခြေ (၁)လုံးနှင့် အိမ်ထောင်စု (၁)စု လူဦးရေ (၇)ဦးအတွက် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုကို ယမန်နေ့မွန်းလွဲ (၂)နာရီခွဲက မြို့မရပ်ကွက်ရှိ ဒက္ခိဏာရာမတောင်ကုန်းကျောင်းတိုက်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ရန်ပုံငွေထောက်ပံ့ပေးအပ်မှုကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဦးရှိုင်းသူနှင့် မြို့မရက်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့က ကမ်းပြိုဘေးသင့်ခဲ့သည့် ဦးပြားဖေ၏ အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၁၀၀၀၀၀/- နှင့် အိမ်ထောင်စု(၁)စု လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး ကျပ် ၁၄၇၀၀/-၊ စုစုပေါင်း တန်ဖိုးငွေ ၁၁၄၇၀၀/-ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း