မရမ်းကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုပြုဌာန(Community Centre)၌ "အမှားကြာတော့". ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာရေးဆရာကျော်ဇင်ဝင်း(မရမ်းကုန်း) ရေးသားထားသည့် “အမှားကြာတော့" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။