မိုင်းပန် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သော ရပ်ကွက်နှင့် ကျေးရွာရှိနေအိမ်များ သန့်စင်၊ သန့်ရှင်းသောရေ ရရှိသုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ယမန်နေ့ နံနက်ပိုင်းမှစ၍ ကရိုရင်းဆေးရည်ခပ်ခြင်း စတင်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့သော ရပ်ကွက်နှင့် ကျေးရွာများသို့ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူး ဦးသိန်းသန်းထွန်းဦးဆောင်၍ မိခင်နှင့်ကလေး ကျောင်းကျန်းမာရေးအာဟာရဆရာမ ဒေါ်နန်းခမ်းမွမ်းနှင့် ကျန်းမာရေးဆရာမများက ကရိုရင်းဆေးရည်များခတ်ခြင်း အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများသို့ ယနေ့ညနေပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေး ကျောင်းကျန်းမာရေးအာဟာရဆရာမထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)