မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ်၌ မြေပဲသီးနှံမျိုးဗီဇနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကိုလေ့လာခြင်း စမ်းသပ်ကွက်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ၊ ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ မကွေးမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနနှင့်စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြေပဲသီးနှံမျိုးဗီဇနှင့်ပတ်ဝန်းကျင်တို့၏ အပြန်အလှန်တုန့်ပြန်မှုကိုလေ့လာခြင်း စမ်းသပ်ကွက်ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။