သာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ မြို့နယ်အဆင့် ကျင်းပ

သာစည် အောက်တိုဘာ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အင်္ဂလိပ်စာဖြေဆိုသော ကျောင်းသား/သူများမှာ ရေးဖြေနှင့် နှုတ်ဖြေ နှစ်မျိုးလုံးဖြေဆိုရမည်ဖြစ်ကြောင်းသိရပြီး အောက်တိုဘာ ၂၃ ရက်၌  နှုတ်ဖြေ  ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။စွမ်းရည်ပြိုင်ပွဲတွင် Grade -5 ၌ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုသူ ၂၆ ဦး၊ သင်္ချာစွမ်းရည်ဖြေဆိုသူ ၃၃ ဦး၊  Grade -6 ၌ အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုသူ ၂၀  ဦး၊  သင်္ချာစွမ်းရည်ဖြေဆိုသူ ၂၆ ဦး၊ Grade -7 ၌ အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုသူ ၂၀ ဦး၊ သင်္ချာစွမ်းရည်ဖြေဆိုသူ ၂၃ ဦး၊ Grade 8 ၌ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုသူ ၆ ဦး၊ သင်္ချာစွမ်းရည်ဖြေဆိုသူ ၇ ဦး၊ Grade-9 ၌ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုသူ ၁၈ ဦး၊ သင်္ချာစွမ်းရည်ဖြေဆိုသူ ၂၅ ဦး စုစုပေါင်း ၂၀၄ ဦး စာရင်းရှိကြောင်း သိရသည်။ စွမ်းရည်ပြိုင်ပွဲမှ အတန်းတစ်တန်းလျှင် ဘာသာရပ်အလိုက် ကျောင်းသားတစ်ဦး ကျောင်းသူတစ်ဦးဖြင့် စုစုပေါင်း ကျောင်းသား/သူ ၂၀ ဦးတို့ အောင်မြင်မည်ဖြစ်ပြီး အဆိုပါကျောင်းသား/ သူများမှာ တိုင်းဒေသကြီးအဆင့် စွမ်းရည်ပြိုင်ပွဲသို့ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများနှင့်ကျောင်းအုပ်ကြီးများ၏ကြီးကြပ်မှုဖြင့် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်