ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကဗျာရွတ်ပုံပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကဗျာရွတ်၊ ပုံပြောနှင့် ကျပန်းစကားပြော(မြို့နယ်အဆင့်)ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မှုခင်းကျဆင်းရေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြည်သူ့ဆေးရုံ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရာ ကျန်းမာရေးဌာနက မူးယစ်ဆေးဝါးသုံးစွဲသူများ လျော့နည်းပပျောက်လာစေရန် (၂)ပတ်လျှင် (၁)ကြိမ်ထုတ်ပေးလျက်ရှိသည့် မက်သာဒုန်းဆေးရည် လာရောက်ထုတ်ယူကြသူများနှင့် မူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre )၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

ကျိုက်မရော၌  ကလေးအလုပ်သမားပပျောက်ရေးနှင့် စားသုံးသူအကာကွယ်ပေးရေးအသိပညာ ပေးဟောပြော

ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာနှင့် စားသုံးရန်မသင့် သော အစားအစာများအကြောင်း ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၄) မူလတန်းကျောင်းရှေ့တွင်ပြုလုပ်ခဲ့သည်။

လွိုင်လင်မြို့တွင် အရန်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ပြုလုပ်သည်။

ဘားအံ၌ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် ပညာရေးဘွဲ့ B.Ed(၄/၂၃)ဒုတိယနှစ် (စာပေးစာယူ)သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့ ကြီးမှူးကျင်းပသော ဓမ္မစကူးလ်ဖောင်ဒေးရှင်း(၁၃၆၁)ကြိမ်မြောက် မူလတန်းအဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းနှင့် (၇၇)ကြိမ်မြောက် သူငယ်တန်း(KG)အဆင့် ဓမ္မစကူးလ်ဆရာဖြစ်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဆေးဝင်္ကဘာကျောင်းတိုက်၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်သင်ကြားပေး

ပြည်ထဲရေးဝန်ကြီးဌာန၊မီးသတ်ဦးစီးဌာန၊ ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ကို ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် ကျီကုန်းကျေးရွာ၌ ဘဝအလင်းတန်းစာကြည့်တိုက်သစ် ဖဲကြိုးဖြတ်ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ကျီကုန်းကျေးရွာ၌ ဘဝအလင်းတန်း စာကြည့်တိုက်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်သစ်တည်နေရာတွင် ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

စစ်ကိုင်းပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေး(အ.လ.က)တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေးအခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ဓာတ်ပုံပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to