ရွှေပြည်သာမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ရေကြီးနစ်မြုပ်ခြင်း၊ အမိုးလှန်ခြင်း၊ နေအိမ်အလုံးစုံပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၉)နာရီခွဲက မင်းလှမြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြေပဲ၊ နှမ်း၊ နေကြာ ဆီထွက်သီးနှံစုံ ၂၆၁၀၇ ဧက ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးသည့် မြေပဲ၊ နှမ်း၊ နေကြာဆီထွက်သီးနှံစုံ ၂၆၁၀၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင် မကွေးမြို့၊ မကွေးတက္ကသိုလ်ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

မကွေးမြို့၊ မကွေးတက္ကသိုလ်ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

မန္တလေးမြို့ ပညာရေးဒီဂရီကောလိပ် ဈေးဆိုင်တန်းရှိ Sugar Mommy Tea ဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၈ လမ်း၊ ၃၄ × ၃၅ ကြား ပညာရေးကောလိပ်​ဈေးဆိုင်တန်းရှိ Sugar Mommy Tea ဆိုင်တွင် ယမန်နေ့နံနက် (၀၇း၂၅)နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများ၏ သမိုင်းအချက်အလက်များနှင့် ဘုရားဖူးလမ်းညွှန်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း လေ့လာကြည့်ရှုနိုင်

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အထင်ကရ ဘုရား၊ စေတီ၊ ပုထိုး (၁၀) ဆူကို www.pagodadirectory.gov.mm  တဆင့် ကြည်ညိုလေ့လာဖူးမြော်နိုင်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများကိုလည်း mandalaypagodadirectory.org Website ၌ ဝင်ရောက်၍ ကြည့်ရှုလေ့လာ ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

ပြည်မြို့နယ်၌ ၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမှုအထွက်နှုန်း တိုးတက်​မြင့်မားရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ဇီးအုပ်ကျေးရွာ တောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့် နတ္တလင်းခရိုင်အတွင်းရှိ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား နေကြာအထွက်နှုန်းတိုးတက်ရေးအတွက် ပြည်မြို့နယ် သမဝါယမဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပျားလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ နည်းပညာပေးသင်တန်းကို ဖွင့်လှစ်သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် အိန္ဒိယနိုင်ငံ၏ဂန္ဓဝင်ဘာသာစကားများသတ်မှတ်ခြင်းအထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးပြုလုပ်သော အိန္ဒိယနိုင်ငံရှိ Asames ဘာသာ၊ Bengali ဘာသာ၊ Pali ဘာသာ၊ Marathi ဘာသာနှင့် Prakrit ဘာသာတို့အား အိန္ဒိယနိုင်ငံ၏ ဂန္ဓဝင်ဘာသာစကားများ အဖြစ်သတ်မှတ်သည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာလ(၂၂)ရက်နေ့ ညပိုင်းက Mandalay Convention Centre တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E.Mr. Sundeep Kaushal နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Subscribe to