ပြည်မြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူး​ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်အသိပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က ကျောင်းသား၊ ကျောင်းသူကလေးများအား စာဖတ်ရှိန်မြှင့်တင်ရေး တိုးတက်မြင့်မားဖို့ စာများများဖတ်ရန်လိုအပ်ကြောင်းနှင့် ဘဝရည်မှန်းချက်ထားတတ်ဖို့လိုအပ်ကြောင်း၊ အသိပညာဗဟုသုတတိုးတက်ဖို့ အမြဲတမ်းသင်ယူနေရမှာဖြစ်ကြောင်း၊ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဆိုသည်နှင့်အညီ ပထမအရွယ်ပညာကို ကြိုးစား ရှာဖို့လိုကြောင်း၊ စာတတ်ဖို့သာမက ပညာတတ်ဖြစ်ဖို့ပါ ကြိုးစားကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက်ပြည်မြို့နယ်စာရေးဆရာအသင်းမှစာရေးဆရာ မောင်စိမ့်စမ်း (သဲကုန်း)က ပညာဆိုတာ အမြဲတမ်းကုန်ဆုံးသည်မရှိ သင်ယူနေရမယ်၊ စာကြိုးစားဖို့ဇွဲ၊ လုံ့လနှင့် ဝီရိယတော့လိုတယ် စာဖတ်ရှိန်မြှင့်တင်ရေးမြင့်မားဖို့ ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်ဖို့လို​ကြောင်း ဟောပြောပြီး ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်နိုင်လင်းက ကျောင်းသား၊ ကျောင်းသူကလေးများအား စာသုံးသူကာကွယ်​ရေးဆိုင်ရာအကြောင်းနှင့် စားသုံးသူအခွင့်အရေးများဆိုင်ရာများအကြောင်းနှင့် စားသုံးသူများ မ​ဖြစ်မနေလိုက်နာရမည့်အချက်အလက်နှင့် တာဝန်များအကြောင်း အသိပညာပေးဟောပြောသည်။

ထို့နောက်အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီးဦးသန်းထွေး ကကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတဖြစ်ဖွယ် မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့် စာဖတ်ရှိန်​မြှင့်တင်ရေး နံရံကပ်စာစောင်များနှင့် သုတ၊ရသစုံလင်သေ ာဗဟုသုတဖြစ်ဖွယ်စာအုပ်များကို လေ့လာဖတ်ရှုစေခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)