တောင်ငူ၌ ရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

တောင်ငူ အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ရေဘေးကြောင့်မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ခပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေဘေးကြောင့် မျောပါပျက်စီးခဲ့သည့် လုံးဝပျက်စီးနေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ရေဘေးသင့်ပြည်သူများသို့ အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ထောက်ပံ့ပေးအပ်မှုအခြေအနေမှာ တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်များမှ လုံးဝပျက်စီးနေအိမ် (၅၉၆) လုံးအတွက် ထောက်ပံ့ငွေကျပ် သန်း (၁၄၀၀.၆၀၀)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၂၂)လုံးအတွက် ကျပ်သန်း (၁၀၈၈.၅၀၀) ဖြစ်ပြီး စုစုပေါင်းထောက်ပံ့ငွေကျပ်သန်း (၂၄၈၉.၁၀၀) ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)