စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ထူပါရုံလမ်း အရှည် - ၂၇၅၀ ပေ၊ အကျယ် - ၁၆ ပေအား  ၁၈ ပေလမ်းသားချဲ့၍ အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ ရာတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ထူပါရုံလမ်းနှင့် စစ်ကိုင်းမြို့အတွင်း နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများအား သက်မှတ်အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးအား မှာကြားကာ ရှင်းလင်းတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိုင်လွန်ကတ္တရာခင်းကျင်းနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။  

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ၁ တင်းအိတ် ၃၀၀ အိတ်ကြိတ်ခွဲနိုင်သည့် ကိုပြားကြီးပဲခွဲစက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကုလားပဲကြိတ်ခွဲမှုမှ ထွက်ရှိလာသည့် ကုန်ချောနှင့်တိရစ္ဆာန်အစားအစာအဖြစ် ရောင်းချနိုင်သည့် ဘေးထွက်ကုန်များအား  ရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ရုံအတွင်း ကုလားပဲကြိတ်ခွဲနေမှုများနှင့် ကုန်ကြမ်းစုဆောင်းထားရှိမှုများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ စစ်ကိုင်းစတီး သံရည်ကျို ပန်းလုံးနှင့်ဟင်းဂလိုင်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း သံရည်ကျိုနေမှုများ၊ ပန်းလုံးနှင့်ဟင်းဂလိုင်းအမျိုးမျိုး ထုတ်လုပ်နေမှုများအား လိုက်လံ ရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများသူနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)