မင်္ဂလာဒုံမြို့နယ်တွင် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ အချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီက တောတိုက်ရပ်ကွက်ရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသော ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။