ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားအားကစားပွဲတော်အတွက် အားကစားရုံ၊ အားကစားကွင်း များအတွင်း ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှုအားပေး၊ ဧရာဝတီမြစ်ကမ်းဘေး သဲခုံများပေါ်တွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းစစ်ဆေး

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း (၂၁) နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများအတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

ညောင်လေးပင်မြို့နယ်၌ မီးဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အောက်တိုဘာလ (၁၅) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူနေအိမ် (၂) လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မီးဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဘိလိယက်နှင့် စနူကာပြိုင်ပွဲဝင် အားကစားသမားများ ပြည်မြို့၌ စခန်းသွင်းလေ့ကျင့်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့် စနူကာ ပြိုင်ပွဲဝင်အားကစားသမားများအဖွဲ့ ပြည်မြို့၌ စခန်းသွင်းလေ့ကျင့်နေမှုကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးစကား‌ပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုနှင့် ရာဂီမုန်တိုင်းအရှိန်တို့ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံး ရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင်မင်္ဂလာနှင့် အလုပ်အမှုဆောင်ရွေးချယ်ပွဲ ကျင်းပ

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်ရုံး၊ ရုံးခန်းဖွင့်ပွဲ ဆိုင်းဘုတ်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်( ၉ )နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၄)၊ YMBA ခန်းမအနီးရှိ အိမ်အမှတ်(၁)ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ပူတာအိုမြို့ အ.ထ.က (ပူတာအို) ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်ကာ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် ဓာတ်ပုံပြပွဲများကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ပူတာအို) ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့နယ်၌ မိုးစပါးလျာထားဧက ၅၆၀၁၂ ရှိပြီးလျာထားဧကထက် ကျော်လွန်စိုက်ပျိုး ပြီးစီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄-၂၀၂၅ မိုးရာသီတွင်မိုးစပါးစိုက်ဧက ၅၆၀၁၂ လျာထားခဲ့ပြီး ၅၆၄၂၄ ဧကစိုက်ပျိုးပြီးစီးခဲရာ ယခင်နှစ်ကထက် (၄၁၂) ဧက ပိုမို စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ သိရသည်။

တိုက်ကြီးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရေနံချောင်းမြို့နယ် ခွေးကကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကံကြီးကျေးရွာအုပ်စု ခွေးကကျေးရွား၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဩဂုတ်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to