တောင်ငူ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် သီးနှံများပြန်လည်အစားထိုးစိုက်ပျိုးရန် ဆောင်းသီးနှံမတ်ပဲ၊ ပဲတီစိမ်း မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ကေတုရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် သီးနှံများပြန်လည်အစားထိုးစိုက်ပျိုးရန် ဆောင်းသီးနှံမတ်ပဲ၊ ပဲတီစိမ်းမျိုးစေ့များပေးအပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ မတ်ပဲစိုက်တောင်သူများနှင့် ပဲတီစိမ်းစိုက်တောင်သူများထံသို့ မျိုးစေ့များ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ဝင်းထွဋ်လေး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ငူခရိုင်အတွင်းရှိ တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်များမှ မတ်ပဲစိုက်တောင်သူများနှင့် ပဲတီစိမ်းစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)