ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အသိပညာဗဟုသုတမျှဝေဆွေးနွေးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် အ.ထ.က(ညောင်ဝိုင်း)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။