ဝမ်းတွင်းမြို့နယ်၌ စိုက်ပျိုးထားသော မြေပဲများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရန် တောင်သူများအနေဖြင့် မျှော်လင့်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဇောင်ဂျမ်းကုန်း တောင်ကွင်းတွင် စိုက်ပျိုးထားသော အထွက်တိုးမြေပဲများ ရာသီဥတုကောင်းမွန်ပြီး မိုးရေရရှိတာကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ မြေပဲများတူးဖော်ချိန်တွင် ဈေးကောင်းရရန် တောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်း သိရသည်။