ကြံခင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများအတွက် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ယနေ့နံနက်(၉)နာရီအချိန်က ရေကြီးနစ်မြုပ်ခဲ့သည့်ဒေသများအတွက် တိရစ္ဆာန်အစာအိတ် ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်သည်။

ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာနှင့်စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူများ လေ့လာရေးခရီးပို့ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ဒေသဗဟုသုတရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ကျောင်းတွင်းဘာသာရပ်များ သင်ကြားမှုအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ကျောင်းပြင်ပ ကွင်းဆင်းလေ့လာရေးခရီးကို ပို့ဆောင်ပေးခဲ့ကြေင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပျော်ဘွယ်မြို့နယ်ရှိ ရေဘေးအန္တရာယ်ကြောင့် နေအိမ်ပျက်စီးမှုနှင့် သေဆုံးသူများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် နေအိမ်ပျက်စီးသူများ၊ လူသေဆုံးမှုများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် အလှူငွေများအား ထပ်ဆင့်ပေးအပ်ပွဲကို အောက်တိုဘာလ(၂၈)ရက်၊ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ပင်းတယမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်များသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ပထမနှစ်သင်တန်းများသို့ တက်ရောက်မည့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်(၄)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြ သင်တန်းဖွင့်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်(၄)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ကျိုင်းတုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အဖွဲ့ နမ့်ခုတ် - စံဖူး - ရွာသစ် လမ်းပိုင်း ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နမ့်ခုတ် - စံဖူး - ရွာသစ်လမ်းပိုင်း ပြုပြင်နေမှုအား အောက်တိုဘာ ၂၇ ရက် နံနက် ၁၁ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

စစ်ကိုင်းမြို့နယ်တွင် VDP စီမံကိန်းကျေးရွာများ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် VDP စီမံကိန်းကျေးရွာများဖြစ်သော ချောင်းပေါက်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ ခိုတောင်ကျေးရွာ၊ မြေတိုင်ကျေးရွာများတွင် ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား အောက်တိုဘာ(၂၇)ရက်နေ့က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်အင်ဂျင်နီယာများ၊ မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်အင်ဂျင်နီယာအဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် စာပေဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာပေဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေပြည်ရတနာခန်းမ၌ ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အရေးပေါ်အသက်ကယ်ဆယ်နိုင်ရေးပညာရပ် တတ်မြောက်စေရန်အတွက် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

စဉ်ဆက်ပညာရေး TOT သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား တာဝန်ရှိသူများက တွေ့ဆုံအားပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် အောက်တိုဘာလ ၂၇ နေ့က စဉ်ဆက်ပညာရေး TOT သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား အထက(မိုင်းယောင်း)တွင် သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
Subscribe to