ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်(၄)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြ သင်တန်းဖွင့်

ကျိုင်းတုံ အောက်တိုဘာ ၂၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်(၄)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက ကျိုင်းတုံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်က စဉ်ဆက်ပညာရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်လှစ်ရသည့် အစီအစဉ်များနှင့် စဉ်ဆက်ပညာ‌‌ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်း‌ယောင်းမြို့နယ်များတွင် ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ နည်းပြသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၅၂ ဦး တက်ရောက်ပြီး အောက်ုတိဘာ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)