တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်လေးများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ထပ်ဆင့်ရှင်းလင်း

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၇)သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု့ စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက အိမ်တွင်းမှု သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့ စာပေးစာယူ သင်တန်းသား/သူများ ကြိုဆိုပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာ‌ရေးဒီဂရီကောလိပ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်တွင် ပြုလုပ်သည့် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း အမှတ်စဉ် (၄/၂၃)ဒုတိယနှစ် သင်တန်းသား/သူများ ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ပြည်တွင်းပြည်ပမှခရီးသွားများ အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ ရှေးခေတ် ပန်းအင်္ဂတေလက်ရာများ လာရောက်လေ့လာကြည့်ရှုနိုင်

စကုမြို့ အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ မပျက်မယွင်း တည်ရှိနေသော ရှေးခေတ်အုတ်အင်္ဂတေနှင့် ပြုလုပ်ထားသော ပန်းအင်္ဂတေ ဗိသုကာလက်ရာများမှာ လွန်စွာ ပြောင်မြောက်လှတာကြောင့် လာရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

ပေါင်းတည်မြို့၌ မသန်စွမ်းသူများအား အာဟာရကြက်ဥများနှင့်ထောက်ပံ့ငွေများလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအားအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က မသန်စွမ်းသူများအား အာဟာရ ကြက်ဥများနှင့် ထောက်ပံ့ငွေများလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်း ငါးမွေးမြူရေး လုပ်ငန်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ဝတ်စုံနှင့် ထောက်ပံ့ငွေများ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနား မြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်းပုံကျေးရွာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့်အဖွဲ့အား ထောက်ပံ့ငွေပေးအပ်

နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၌ ကျင်းပပြုလုပ်မည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲဝင်ရောက်ရန် သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအသင်းအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂ဝ၂၄) အစည်းအဝေး အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂ဝ၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သစ်စိမ်းမြေသြဇာမျိုးစေ့ထုတ်ရန်အတန်းလိုက်ကြဲပက်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းကောက် ကျေးရွာအုပ်စု၊ရွှေဇံအိုး ကျေးရွာအုပ်စုတို့တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် အတန်းလိုက် ကြဲပက် စိုက်ပျိုးခဲ့ကြသည်။
Subscribe to