ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့နယ်တွင် ရေနေသယံဇာတများ ရေရှည်တည်တံ့ပွားများစေရန် ရွှံ့ဂဏန်းများစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ရေနေသယံဇာတများ ရေရှည်တည်တံ့ပွားများစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဂဏန်းလုပ်ငန်းရှင်များ ပူးပေါင်း၍ ရွှံ့ဂဏန်းများ စုပေါင်းမျိုးစိုက်ထည့်ခြင်းကို နှစ်စဥ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျောက်မှော်ကျေးရွာအုပ်စု၊ ရွေးမြစ်ကမ်းနဘေးဒီရေတောအတွင်းသို့ ရွှံ့ဂဏန်းမျိုးစုံ ကောင်ရေ ၇၅၀၀ ခန့် အလေးချိန် ၃၀၀ ကီလိုဂရမ်ကို စုပေါင်းမျိုးစိုက်လွှတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)တွင် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ၌ ကျောင်းသားဟောင်းများ၏ လုပ်ငန်းအတွေ့အကြုံ နှီးနှောဖလှယ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ အောင်မြင်သော ကျောင်းသားဟောင်းများ၏ လုပ်ငန်းအတွေ့အကြုံ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီက အစိုးရစက်မှုလက်မှု သိပ္ပံ (ရေနံချောင်း)၌ ကျင်းပသည်။

အ.ထ.က (ကျိုက်မရော) တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျိုက်မရောမြို့နယ်မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် မြို့နယ်အဆင့်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ကျိုက်မရော)ကျောင်း ပညာအားမာန်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

လိပ်သိုမြို့တွင် တိုင်းရင်းသားစာပေဆရာဖြစ်သင်ကြားခြင်း (ဆင့်ပွား)သင်တန်းပိတ်ပွဲ အခမ်းအနားပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ ဦးစီးပြုလုပ်သော တိုင်းရင်းသားစာပေသင်ကြားခြင်း ဆရာဖြစ်သင်တန်း(ဆင့်ပွား) သင်တန်းပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁:၀၀)နာရီက လိပ်သိုမြို့ကက်သလစ်ဓမ္မရုံ၌ပြုလုပ်ရာ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ နည်းပြဆရာမများ၊ သင်တန်းသား ဆရာ/မများစုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်းတွင် ကျင်းပသည်။

ဖြူးမြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းတိုးရေး စိုက်ဧက (၁၇၃၈၉)ဧက စိုက်ပျိုးရန်လျာထား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ နွေစပါးပန်းတိုင် အထွက်နှုန်းတိုးရေး စိုက်ဧက(၁၇၃၈၉)ဧက စိုက်ပျိုးရန်လျာထားကြောင်း ​မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
Subscribe to