မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း၌ လူငယ်များဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန် လူငယ်စကားဝိုင်းနှင့်လူငယ်ရေးရာဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟု သုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေပြီး စကားဝိုင်းဆွေးနွေးပွဲများမှ အသိပညာဗဟုသုတများနှင့်အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီး၍ ပူးပေါင်း ဆောင် ရွက်တတ်စေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း သပြေခန်းမ၌ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ပလန) ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်း (ပလန) ရှိ အေးမြသီတာခန်းမ၌ ကျင်းပ သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ (၂၆) ရက်၊ နံနက် (၉)နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲကျင်းပသည်။

ဒေးဒရဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အပတ်စဥ်ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ အပတ်စဥ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့၌ အထက(ပူတာအို)၏၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် အထက(ပူတာအို)ကျောင်း၏၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံ ညီပွဲတော်နှင့်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၂၆)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံ ပညာအထက်တန်းကျောင်း ကွင်းပြင်၌ကျင်းပသည်။

ကလေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အခြေခံပညာဦးစီးဌာန၊ ကလေးခရိုင်နှင့်မြို့နယ်ပညာရေး မိသားစုများမှ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ နံပေါ်နန်းဦးစေတီတော်မြတ် ရင်ပြင်တော်တွင် ယနေ့နံနက်ပိုင်းက ဗုဒ္ဓပူဇနိယပွဲတော်နှင့် ‌ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

မြောင်းမြမြို့ အ.မ.က (ကန်ကြီးတန်း) ကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.မ.က (ကန်ကြီးတန်း)ကျောင်း၌ ကျောင်းသားလူငယ်များ ပြည်ထောင်စု စိတ်ဓါတ် အစဥ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် သံဒိဇီးဖြူကုန်းကျေးရွာလမ်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးရည်ရွယ်၍ မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သံဒိဇီးဖြူကုန်းကျေးရွာအုပ်စု၊ အကယ်ချောင်းဝရွာဖျားလမ်း ဆောင်ရွက်ပြီးစီးမှုအား မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ကသစ်ဝိုင်ဓမ္မရိပ်သာဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းစီစဥ်မှု့ဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
Subscribe to