ထန်းတပင်မြို့နယ်တွင် မိုးစပါးစံပြကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အောင်မင်္ဂလာကျေးရွာအုပ်စု ကွင်းအမှတ်(၄၅၅) ဦးပိုင်အမှတ်(၅၂/၃)ရှိ တောင်သူ ဦးသိန်းထိုက်၏ ဆင်းသုခစပါးမျိုး စိုက်ခင်းတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က စံကွက်အရွယ်အစား (၀.၁၀)ဖြင့် မိုးစပါးစံကွက်ရိတ် သိမ်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

မိုင်းဖြတ်မြို့နယ်၌ ​အောင်ဇမ္ဗူဆု​တောင်းပြည့်​စေတီမြတ်ကြီး ထီးတော်တင်မင်္ဂလာအခမ်းအနားကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်း​ဆွေး​နွေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​ရွှေစည်းခုံပုံတူ အောင်ဇမ္ဗူဆု​တောင်းပြည့်​စေတီ​တော်ကို အသစ်ပြန်လည်တည်ထားကိုးကွယ်လျက်ရှိရာ ​စေတီ​တော်မြတ်ကြီး ထီး​တော်တင်မင်္ဂလာအခမ်းအနားကျင်းပနိုင်​ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ​အောက်တိုဘာလ ယနေ့နံနက် ၉ နာရီအချိန်က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

တပ်ကုန်းမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစုံ ၂၃၁၉၈ ဧက လျာထား စိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ရာသီ တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့်နေကြာစသည့် သီးနှံမျိုးစုံ ၂၃၁၉၈ ဧကလျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်တန်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(သော်ကကျောင်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(သော်ကကျောင်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သော်ကရတနာပညာရည်ချွန်ဆုချီးမြှင့်ရေးအဖွဲ့၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း မှော်ဝန်းရတနာခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာနက လက်ငင်းစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် စပါးရိတ်သိမ်းခြွေလှေ့စက်နှစ်စီး တောင်သူလက်ဝယ်သို့ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက လက်ငင်းစနစ်ဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချပေးခဲ့သော စပါးရိတ် သိမ်းခြွေလှေ့စက် နှစ်စီးအား တောင်သူလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၈)စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြို့ဦးဆုတောင်းပြည့် အောင်မြေသာယာရွှေစေတီတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာယာဘုရားဝန်းအတွင်း မြို့ဦးရွှေစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ၌ သံဃာတော်အရှင်သူမြတ်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖ ဧည့်ပရိသတ်တို့မှ စုပေါင်းပူဇော်ခြင်းဖြင့် အခမ်းအနား ကျင်းပသည်။

(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖြူးဘိုးဘွားရိပ်သာတွင် ဆေးပဒေသာပင်လှူဒါန်း၍ သန့်ရှင်းရေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖြူးဘိုးဘွားရိပ်သာအတွက် ဆေးပဒေသာပင်လှူဒါန်း၍ သန့်ရှင်းရေးပြုလုပ်ပေးခြင်းများကို ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ လာမည့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာ ၇၉၀၈ ဧက လျာထားစိုက်ပျိုးမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၇၉၀၈ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရိုးရာယဉ်ကျေးမှုနှင့် ချစ်စရာဓလေ့စရိုက်တစ်ခုဖြစ်သည့် မြန်မာ့သနပ်ခါးကို ဂုဏ်ယူစွာဖြင့် ယနေ့တိုင် သုံးစွဲနေ

မြန်မာတို့သည် သနပ်ခါးကို ရှေးရိုးစဉ်ဆက်ကပင်လျှင် လိမ်းကြံခြယ်သခြင်း၊ ဆေးအဖြစ်သုံးစွဲခြင်း၊ မြတ်စွာဘုရားရှင်အား မီးအဖြစ်ပူဇော်ခြင်း၊ နံ့သာရည်ဖျန်း၍ပူဇော်ခြင်း၊ သနပ်ခါး နံ့သာရည်များပြုလုပ်၍ ရိုးရာဓလေ့ပျော်ပွဲရွှင်ပွဲများဖြင့် အမျိုးမျိုးအသုံးပြု၊ သုံးစွဲလာခဲ့ကြခြင်းဖြစ်သည်။

ဝါးခယ်မမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက် မီးသတ်ဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲနှင့် မီးငြှိမ်းသတ်ရာတွင် ဝိုင်းဝန်းကူညီမီးငြှိမ်းသတ်ပေးကြသော မီးသတ်ဦးစီးဌာနရှိဝန်ထမ်းများ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to