ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရေးစပ်ပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရေးစပ်ပြိုင်ပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် အသံမစဲ ဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ အသံမစဲဥပ္ပါတသန္တိပါဋ္ဌိတော် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သုခသိဒ္ဓိရပ်ကွက်၊ ဘူးကွဲရွာဦးကျောင်းတိုက်၌ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော် ဘူးကွဲရွာဦးကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂရာဇာအမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကြသည်။

(၇၇) နှစ်မြောက် ပြည်‌ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့ရှိ ၃၃/၁၁‌ ကေဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်ပေး

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦး‌အေးကျော်နှင့် တိုင်း‌ဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများအတူ ယမန်နေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့နယ် လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ၃၃/၁၁ကေ ဗွီ(၅)အမ်ဗွီအေစစ္စနို့ဓာတ်ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်‌ပေးခဲ့ကြောင်း သိရသည်။ 

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်အနားကျင်းပ

နေပြည်တော် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်အနားကို ယနေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ သီရိရတနာမူကြိုကျောင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်မ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဥတ္တရသီရိမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအား ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းများကို  ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။                       

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကြည့်ရှုအားပေး

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

လပွတ္တာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်  ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။

ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ကဗျာရေးစပ်ပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ကဗျာရေးစပ်ပြိုင်ပွဲ ဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Subscribe to